လူကြီးမင်းတို့၏ အင်တာနက်လိုအပ်ချက်အတွက် Telenor ၏ မြန်နှုန်းမြင့် Broadband အင်တာနက် ၀န်ဆောင်မှုကို ရွေးချယ်သုံးစွဲသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဤစည်းကမ်းသတ်မှတ်ချက်များသည် လူကြီးမင်း (သို့မဟုတ် သုံးစွဲသူ)နှုင့် မြန်မာနင်ငံ၏ဥပဒေများနှင့်အညီ မှတ်ပုံတင်၍ မှတ်ပုံတင်အမှတ် (၁၈၄၆၇၆၉၆၆) ဖြင့် အမှတ် (၄၀)၊ စက်မှု(၁)လမ်း၊ ဗဟန်းမြို့နယ် ရန်ကုန်မြို့လိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားရှိသော Telenor Myanmar Ltd.(သို့မဟုတ် Telenor )တို့ကြားတွင် တရားဝင်အတည်ဖြစ်၍ လိုက်နာရန်လိုအပ်သည့် သဘောတူညီချက်ဖြစ်သည်။ Telenor ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအား သုံးစွဲခြင်းဖြင့် သို့မဟုတ် ပေးချေခြင်းဖြင့် လူကြီးမင်းသည် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ကြောင်း နှင့် ဤစည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည် ပြီးဖြစ်ကြောင်းကို ကိုယ်စားပြုရာရောက်ပါသည်။