Telenor အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှု၏ စည်းကမ်းသတ်မှတ်ချက်များ

Telenor အိမ်သုံးကြိုးမဲ့ အင်တာနက် ၀န်ဆောင်မှု၏ စည်းကမ်းသတ်မှတ်ချက်များ ဤစည်းကမ်းသတ်မှတ်ချက်များသည် လူကြီးမင်း (သို့မဟုတ် သုံးစွဲသူ)နှုင့် မြန်မာ့ဥပဒေများနှင့်အညီ မှတ်ပုံတင်၍ မှတ်ပုံတင်အမှတ် ၁၈၄၆၇၆၉၆၆ ဖြင့် အမှတ် ၂၂၁၊ ဆူးလေဘုရားလမ်း၊ Level ၁၇၊၂၂၊၂၃၊ ကျောက်တံတား မြို့နယ် ရန်ကုန်မြို့လိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားရှိသော Telenor Myanmar Ltd.(သို့မဟုတ် Telenor )တို့ကြားတွင် တရားဝင်အတည်ဖြစ်၍ လိုက်နာရန်လိုအပ်သည့် သဘောတူညီချက်ဖြစ်သည်။ Telenor ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအား သုံးစွဲခြင်းဖြင့် သို့မဟုတ် ပေးချေခြင်းဖြင့် လူကြီးမင်းသည် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ကြောင်း နှင့် ဤစည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည် ပြီးဖြစ်ကြောင်းကို ကိုယ်စားပြုရာရောက်ပါသည်။

၁။ သဘောတူညီချက်ကာလ

  • ၁။ ဤသဘောတူညီချက်သည် ဝန်ဆောင်မှုစတင်အသုံးပြုသည့်နေ့မှစ၍ အကျုံးဝင်မည်ဖြစ်ပြီး မသုံးစွဲတော့သည်အထိတိုင် ဤစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ နားလည်မှုလွဲခြင်း ကိစ္စရပ်များအား ရှောင်ရှားရန်အတွက် ဝန်ဆောင်မှုစတင်အသုံးပြုသည့်နေ့စွဲအား စာရင်းပေးသွင်းသည့်နေ့စွဲအတိုင်းဖြစ်ကြောင်း ယူဆမည်ဖြစ်သည်။ ဤအချက်နှင့်အညီ သုံးစွဲသူသည် တယ်လီနော Business Call Center၌ သုံးစွဲမှုအားရပ်ဆိုင်းရန် တောင်းဆိုနိုင်ပါသည်။

၂။ ဝန်ဆောင်မှုပြဌာန်းချက်

  • ၁။ တယ်လီနော Broadband ဝက်ဘ်ဆိုက်မှ ဝန်ဆောင်မှုနှင့်ပတ်သက်သော နောက်ဆုံးသတင်းအချက်အလက်များအား သိရှိနိုင်မည်ဖြစ်သည်။
  • ၂။ ဝန်ဆောင်မှုသည် ရွေးချယ်ထားသော LTE/4Gကွန်ယက် လွှမ်းခြုံထားသည့်နေရာများတွင်သာ ရရှိနိုင်မည် ဖြစ်ပါသည်။
  • ၃။ ဝန်ဆောင်မှုကို မဝယ်ယူခင် လူကြီးမင်းအသုံးပြုလိုသော နေရာတွင် ဝန်ဆောင်မှု ရနိုင်/မရနိုင်ကို စစ်ဆေးရမည်ဖြစ်ပြီး broadband.telenor.com.mm ဝက်ဘ်ဆိုက် တွင် စာရင်းသွင်းရမည် ဖြစ်သည်။
  • ၄။ စာရင်းပေးသွင်းရန်အတွက် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်အချို့ဖြစ်သော ဆက်သွယ်ရန်ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနှင့် ကွန်နက်ရှင်၏ အရည်အသွေးကိုသေချာစေရန် ဝန်ဆောင်မှုကိုသုံးမည့် လိပ်စာအား ထည့်သွင်းပေးရမည် ဖြစ်ပါသည်။
  • ၅။ စာရင်းသွင်းရာတွင် ဖြည့်သွင်းထားသော ဝန်ဆောင်မှုသုံးစွဲရန် လိပ်စာသည် ဝန်ဆောင်မှုအမှန်တကယ်အသုံးပြုသော လိပ်စာနှင့်တူညီရပါမည်။
  • ၆။ ဝန်ဆောင်မှုအားအသုံးပြုရန် အောင်မြင်စွာ စာရင်းပေးသွင်းပြီးပါက၊ လူကြီးမင်းသည် အောက်ပါအတိုင်း လက်ခံရရှိပါလိမ့်မည်။
    • က။ တယ်လီနော အိမ်သုံးကြိုးမဲ့ router (၁)လုံး
    • ခ။ 4G ဒေတာ ဆင်းမ်ကဒ် (၁)ခု (rotuerအတွင်း ထည့်သွင်းထားပြီး)
    • ဂ။ ငွေပေးချေမှု ပြေစာ (အီးမေးလ် (သို့) စာတို မှတဆင့်)
    • ဃ။ Router set-upအတွက် လမ်းညွှန်
  • ၇။ လူကြီးမင်းသည် အောက်ပါအတွက် တောင်းဆိုနိုင်ပါသည