FAQs for Telenor Home Fiber

ဝန်ဆောင်မှု ဝယ်ယူရန်လျှောက်ထားခြင်း

တယ်လီနော Home ဖိုင်ဘာအင်တာနက်အား broadband.telenor.com.mmတွင် registerပြုလုပ်ပြီး ဝယ်ယူနိုင်ပါသည်။
လူကြီးမင်း၏နေရာ၌ ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုရနိုင်/မရနိုင် သိရှိနိုင်ဖို့အတွက် လိုအပ်ပါသည်။
https://broadband.telenor.com.mm/check-coverage တွင် လူကြီးမင်း၏တည်နေရာ အတိအကျထည့်ပြီး စစ်ဆေးနိုင်ပါသည်။

1-2-3ဝန်ဆောင်မှုအသုံးပြု၍ ပေးဆောင်နိုင်မည်ဖြစ်သည်။

  • (၁) 1-2-3 service စျေးဝယ်ကောင်တာများတွင် ငွေပေးချေကုတ်ကိုပြ၍ ပေးဆောင်နိုင်သည်။
  • (၂) အွန်လိုင်းပေးချေမှု၊ mobile banking
  • (၃) ဘဏ်များမှပေးချေမှု
အသေးစိတ်ကို https://bit.ly/2zEjrcKတွင် သွားရောက်ကြည့်ရှုနို်င်ပါသည်။"
ငွေပေးချေမှုပြီးမြောက်သွားပါက အော်ဒါကိုပြန်ဖျက်နိုင်မည် မဟုတ်ပါ။

Document Verification

လူကြီးမင်းတင်လိုက်သော အထောက်အထားစာရွက်များမှာ ဖော်ပြထားသော အသေးစိတ်အချက်အလက်များနှင့်ကိုက်ညီမှုမရှိပါက SMS/Emailရရှိမည်ဖြစ်ပါသည်။ မှန်ကန်သော အထောက်အထားစာရွက်ပြန်မတင်သရွေ့ ဝန်ဆောင်မှုအား ရပ်ဆိုင်းထားမည်ဖြစ်သည်။
လူကြီးမင်းအနေဖြင့် မှန်ကန်သောစာရွက်စာတမ်းအထောက်အထားများအား ပြန်လည်တင်ပေးရမည်ဖြစ်သည်။

တပ်ဆင်ခြင်းနှင့်သက်ဆိုင်သော

ဝယ်ယူရန်လျှောက်ထားသော အော်ဒါအတွက် ငွေပေးချေမှုပြီးပါက၊ တပ်ဆင်ခြင်းအတွက် ရက်ချိ်န်းပြုလုပ်ရန် customersအား ရုံးဖွင့်ရက်(၂)ရက်အတွင်း ဆက်သွယ်ပါလိမ့်မည်။
  • BB10 (10Mbps plan)အတွက် ၈၀,၀၀၀ ကျပ်
  • BB15 (15Mbps plan)အတွက် ၅၀,၀၀၀ ကျပ်
  • BB40 (40Mbps plan)အတွက် ၀ ကျပ်

ဝန်ဆောင်မှုနှင့်သက်ဆိုင်သော

တယ်လီနောHomeဖိုင်ဘာအင်တာနက် planအမျိုုးအစား (၃)မျိုးရှိပါသည်။

  • 10Mbpsအတွက် ၅၀,၀၀၀ ကျပ်
  • 15Mbpsအတွက် ရ၅,၀၀၀ ကျပ်
  • 40Mbpsအတွက် ၂၀၀,၀၀၀ ကျပ်

(၃)လစာ ငွေကြိုသွင်းသည့် customerများအတွက်

  • 10Mbps: 13Mbpsမြန်နှုန်းထိ တိုးမြှင့်ပေးမည်ဖြစ်သည်
  • 15Mbps: 18Mbpsမြန်နှုန်းထိ တိုးမြှင့်ပေးမည်ဖြစ်သည်
Telenor Broadbandတွင် Power Backup Plan ပါ၀င်ပြီး၊ ၎င်းသည် အင်တာနက်ကို (၈)နာရီအထိ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးပါသည်။ (အိမ်တွင်လျှပ်စစ်မီးရရန် လိုအပ်သော ပစ္စည်းများရှိရမည်မှာ customer၏တာဝန်သာ ဖြစ်ပါသည်။)
အလွန်ကွဲပြားခြားနားပါတယ်၊ တယ်လီနော broadbandသည် သင့်အတွက်သီးသန့်ဖြစ်သော မြန်နှုန်းကိုထိန်းသိမး်ပေးထားသည်၊ ကောင်းမွန်ဆုံးသောမြန်နှုန်းကို ရရှိနိုင်ရန် router/outletမှ ကေဘယ်ကြိုးနှင့်ချိတ်ပြီး အသုံးပြုနို်င်ပါသည်။ သင်၏ကိုယ်ပိုင် wifiမှ userမည်မှျှှအသုံးပြုမည်ကိုလည်း သတ်မှတ်ထားနိုင်ပါသည်။ အကွားအဝေးဝေးကွာမှုသည် အင်တာနက်ကွာလတီအပေါ် သက်ရောက်မှုရှိသောကြောင့် routerသည်သင်၏အနီးဆုံးနေရာတွင်ရှိနေရန်လည်း အရေးကြီးပါသည်။
Telenor Broadbandကို (၁)ဂီဂါဘစ်အထိ မြန်နှုန်းပေးနိုင်သော fiberဆက်သွယ်မှုကို တပ်ဆင်ထားမည်ဖြစ်သည်။ ထို့ကြောင့် quality နှင့် မြန်နှုန်းကို Onlineပေါ်တွင် တိုက်ရိုက်ဂိမ်းကစားနိုင်သော၊ TVနှင့် ရုပ်ရှင်များတိုက်ရိုက်ကြည့်ရှုနိုင်သည်အထိ ပေးနိုင်ကြောင်းအာမခံပါသည်။

လစဉ်ကြေးပေးသွင်းခြင်းနှင့် သက်ဆိုင်သော

ယခုလောလောဆယ်တော့ တယ်လီနော Home ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုသည် Prepaid ၀န်ဆောင်မှုဖြစ်ပါသည်။
ဘေလ်ပေးဆောင်ရန် သတ်မှတ်ထားသော နောက်ဆုံးရက်အထိ ပေးဆောင်ခြင်းမရှိပါက၊ လူကြီးမင်း၏အင်တာနက်လိုင်းအား ခေတ္တယာယီဆိုင်းငံ့လိမ့်မည်ဖြစ်ပါသည်။ လူကြီးမင်း၏အင်တာနက်လိုင်းအား ခေတ္တယာယီဆိုင်းငံ့ခြင်းကာလသည် ၃လအထိကျော်လွန်သွားပါက၊ အင်တာနက်လိုင်းသည် အလိုအလျောက်ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။
၀န်ဆောင်မှုအား ပြန်လည်အသုံးပြုလိုပါက လုပ်ဆောင်ရန် နည်းလမ်း(၂)မျိုးရှိပါသည်။
နည်းလမ်း ၁ - https://broadband.telenor.com.mm/ မှတဆင့် သင်၏ profile ကိုသွားပါ၊ ပြီးနောက် ပြန်လည်အသုံးပြုလိုသည့် order IDကိုရွေး၍ ""reactivate"" buttonကို နှိပ်ပါ။
နည်းလမ်း ၂ - တယ်လီနောBroadband Call Center သို့ ဆက်သွယ်၍ သင်၏ CustomerIDကိုပေးကာ လိုင်းပြန်လည်အသုံးပြုလိုကြောင်း အကြောင်းကြားပါ။ မှတ်ချက်။ ။ သင်၏ အင်တာနက်လိုင်း ခေတ္တယာယီဆိုင်းငံ့ခြင်းကာလသည် ရက်၃၀အထိကျော်လွန်သွားပါက (သို့) သင်၏ router/ကေဘယ်လ်များ ပျက်စီးပါက၊ ၀န်ဆောင်မှုအား ပြန်လည်အသုံးပြုလျှင် ဝန်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်။ အသုံးပြုလိုသည့် plan နှင့် လိုင်းဆိုင်းငံ့ထားခြင်းကာလပေါ်မူတည်၍ ဝန်ဆောင်ခ အမျိုးမျိုးရှိပါလိမ့််မည်။
Suspended Period Router is still working Need to fix Router & Cable
10 Mbps 15 Mbps 40 Mbps 10 Mbps 15 Mbps 15 Mbps 40 Mbps
Between 30 days and 90 days 10,000 MMK 10,000 MMK 10,000 MMK 40,000 MMK 25,000 MMK 10,000 MMK
More than 90 days 40,000 MMK 25,000 MMK 10,000 MMK 80,000 MMK 50,000 MMK 10,000 MMK

ဘေလ်ဆောင်ခြင်းနှင့်သက်ဆိုင်သော

1-2-3 ဝန်ဆောင်မှုဖြင့် ဘေလ်ပေးဆောင်ပါက၊ အင်တာနက်လိုင်းအား ထိုနေ့(၃)နာရီအတွင်း ပြန်ဖွင့်ပါလိမ့်မည်။
Routerအား ရွှေ့ပြောင်းခ (၀)ကျပ် [အကယ်၍ အိမ်အတွင်းရွှေ့ပြောင်းလိုသည့်နေရာသည် မီတာ ၃၀၀ထက်ကျော်လွန်ပါက ၁မီတာလျှင် ၈၀၀ကျပ် ပေးဆောင်ရမည်]

မြန်နှုန်း၊ အသုံးပြုမှုနှင့် သက်ဆိုင်သော

အင်တာနက်လိုင်းကအလွန်တည်ငြိမ်မှုရှိပြီး routerဆီသို့ ရောက်ရှိသောမြန်နှုန်းမှာလည်း အမြဲတမ်းတူညီနေပါလိမ့်မည်။ userအများကြီးက routerနှင့်ချိတ်ဆက်ပြီးအင်တာနက်အသုံးပြုနိုင်ပါသည်၊ သို့ရာတွင် userအများကြီးတပြိုင်နက်အသုံးပြုမှုသည် user တစ်ဦးချင်းစီအတွက် အင်တာနက်အသုံးပြုသည် ့အတွေ့အကြုံအပေါ် သက်ရောက်မှုရှိလိမ့်မည်။
ဟုတ်ပါတယ်၊ ဒေတာပမာဏအကန့်အသတ်မဲ့ စိတ်ကြိုက်အသုံးပြုနိုင်ပါသည်၊ သိုု့သော် အင်တာနက်အားအခြားသူများသို့ မျှဝေသုံုးစွဲခြင်း (သို့) ပြန်ရောင်းချခြင်းကို လုံးဝခွင့်မပြုပါ။

“သင်လိုအပ်သလောက် အင်တာနက်ကိုအသုံးပြုနိုင်ပါသည်”

Telenor Broadbandနှင့်အတူ သင်ရွေးချယ်ထားသော မြန်နှုန်းဖြင့် အင်တာနက်ကို သင်ကြိုက်သလောက် အသုံးပြုနိုင်ပါသည်။
Customerများအားလုံး Wifi routerရရှိမည်ဖြစ်ပြီး၊ ၎င်းနှင့်အတူ mobile ဖြင့်လည်းကောင်း၊ ကွန်ပြူတာ (သို့) အခြားdevice များသို့ ကြိုးဖြင့်ချိတ်ဆက်ကာ အင်တာနက်အသုံးပြုနိုင်ပါသည်
အသုံးပြုနိုင်ပါတယ်။ Telenor Broadband ၀န်ဆောင်မှုများကို မြန်နှုုန်းအမျိုးမျိုးကို စျေးနှုန်းအမျိုးမျိုးဖြင့်ရရှိနိုင်ပါသည်။
၀န်ဆောင်မှုများအတွက် စျေးနှုန်းအမျိုးမျိုးရှိသော planပေါ်မူတည်ပြီး အသုံးပြုနိုင်သော userအရေအတွက် ကွာခြားလိမ့်မည်။
Customerများသည် မြန်နှုန်းupgradeအား အချိန်မရွေး လုပ်နိုင်မည်ဖြစ်ပြီး၊ မြန်နှုန်းdowngradeအား အနည်းဆုံး ရက်၉၀ခန့် အသုံးပြုပြီးမှသာ ပြုလုပ်နိုင်ပါသည်။
အကယ်၍ အင်တာနက်ချွတ်ယွင်းမှုကြာချိန်သည် (၁)ပတ်ထက်ကျော်လွန်သွားပါက customer ၏နစ်နာမှုအတွက် ရက်အစားအလျော်ပြန်ပေးရန် အစီအစဉ်ရှိပါသည်။